International News

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ပရောဂျက်များကို လက်မှတ်ရေးထိုးခဲ့

Last Updated:

ဆဋ္ဌမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် ကူမင်းသွင်းကုန် ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် (၁၉-၁၁-၂၂) ရက်နေ့တွင်  ဖွင့်လှစ်ခဲ့ပြီး  ရင်းနှီးမြှုပ်နှံမှု ယွမ် ၄၀၀ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ ၅၆.၃ ဘီလီယံခန့်) စုစုပေါင်းစီမံကိန်း ၁၆၉ ခုကို (၂၁-၁၁-၂၂) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် အစိမ်းရောင်စွမ်းအင်၊ ခေတ်မီ စိုက်ပျိုးရေး၊ အဆင့်မြင်ကုန်ထုတ်မှု၊ ပစ္စည်းအသစ်နှင့် ဇီဝဆေးဝါးများ အပါအဝင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အဓိကစက်မှုလုပ်ငန်း ၁၂ ခုဖြစ်ကြောင်း  အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် ကျင်းပသည့် လေးရက် ကြာ အခမ်းအနားတွင် နိုင်ငံများ၊ တိုင်းဒေသကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်း  ၈၀ မှ "ဖွံ့ဖြိုးတိုးတက်မှု အသစ်အတွက် အခွင့်အလမ်းသစ်" ခေါင်းစဉ်အောက်တွင် ကျင်းပဖြစ်ပြီး နှစ်စဉ်ဆောင်ရွက်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။

 

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် Projects worth billions USD inked at China-South Asia Exposition - News - 云桥网英文 (yunnangateway.com)  

Category: International News